Responsive Advertisement

ကျောက်ကပ် ဆေးပြီးလည်း နောက် သိပ်မကောင်းတာမျိုး ကြားဖူးကြလား..?


ကောင်းတယ် မကောင်းဘူးဆိုတဲ့ ရလဒ်က လူနာရဲ့ကျန်းမာရေးပေါ်မှာ မူတည်ပါတယ်။ ကျောက်ကပ် (၂) လုံးစလုံး ထုတ်ပစ်ထားလည်း အချိန်မီလုံလုံ လောက်လောက် ဆီးဆိပ်သန့်စင်ပေးလျှင် (၁၅)နှစ် အနှစ်(၂၀)အသက်ရှင်သူ ကို တွေ့နိုင်ပါသည်။


အများအားဖြင့် လုပ်ထားခြင်းသည် ကောင်းသည်ဆိုပေမယ့် လူနာက သိပ်မဆိုးသေးဘဲ တင်းခံနေတတ်ပါသည်။ ခန္ဓာကိုယ်အစိတ်အပိုင်းတွေ ထိခိုက် ပျက်စီးပြီး သေလောက်အောင်ဖြစ်လာတော့မှ လုပ်ပေးပါဆိုပြီး ရောက်လာတတ် တဲ့သူတွေ ဆီးဆိပ်တွေသန့်လာပေမယ့် ပျက်စီးပြီးတဲ့ ခန္ဓာကိုယ်အစိတ်အပိုင်း တွေ ပြန်မကောင်းနိုင်တော့တဲ့အတွက် ဆေးပေမယ့် ကောင်းသင့်သလောက် ပြန်မကောင်းတော့ပါ။


နောက်ပြီး တစ်ပတ် (၃) ကြိမ်ထက် ပိုဆေးလျှင် ပိုကောင်းတယ် ပြောနေ ကြတဲ့အချိန်မှာ တစ်ပတ်ကို (၂) ကြိမ် ချွေတာဆေးပေးနေတာရယ်၊ ဒီထက်ပို နည်းပြီး ဆေးချင်လာတာရယ်တွေကြောင့် ကောင်းသင့်သလောက် မကောင်း တာပါပဲ။ ကျောက်ကပ်တု သွေးသန့်စင်စက်နဲ့ အချိန်မီစောစောစီးစီး သင့်တော် တဲ့အချိန်မှာ စတင်ကုသမှုခံယူပြီး စံချိန်မီကုသမှုကို ခံယူနေတဲ့လူနာတွေ လူနာ လို့တောင်မထင်ရဘဲ အားကစားပြိုင်ပွဲတွေဝင်နေသူ၊ အလုပ်လုပ်ကိုင်နေသူတွေ အများကြီးရှိပါတယ်။

နောက်ဆုံးမှာချင်တာက-


မလုပ်မီ နိုင်၏ မနိုင်၏ကို သေချာစွာ စဉ်းစားစေချင်ပါသည်။ မနိုင်ဝန်ကို သံယောဇဉ်ကြောင့် ဇွတ်မထမ်းစေချင်ပါ။

လုပ်မည်ဆိုပါက ခန္ဓာကိုယ် အစိတ်အပိုင်းများ ပြင်မရအောင် မပျက်စီးမီ ကောင်းနေစဉ် အချိန်တွင် ကြိုတင် လုပ်သင့်ပါသည်။

စံချိန်မီအောင် လုပ်ပါ။ အခြေအနေအရပ်ရပ်ကြောင့် အချိန်မီနှင့် စံချိန်မီမလုပ် နိုင်သည်ကို ကုသမှုပေးနေသော ဆရာ / ဆရာမများမှ ဂရုဏာထား နားလည် ပေးသလို လူနာရှင်များမှလည်း အမှန်ကို နားလည်လက်ခံရမှာ ဖြစ်ပါတယ်။


အခြားအကြောင်းအရာများ

၁။ လူထူထပ်ပြီး ဖုန်တထောင်းထောင်း ထသည့် နေရာများကို ရှောင်ပါ။


၂။ လေဝင် လေထွက်နည်းပြီး လူအများ (အထူးသဖြင့် ချောင်းဆိုးနေသည့် သူ၊ တီဘီရောဂါရှိနေသူများ) စုဝေးနေသော အခန်းများ (ဥပမာ-တီဗွီ၊ ဗီဒီယို ပြသောရုံများ) ကို ရှောင်ပါ။


၃။ အိမ်ထောင်ရှိသော အမျိုးသမီးများ ကျောက်ကပ်ဆေး သောက်နေစဉ် အတွင်း ကလေးမယူသင့်ပါ။


သတိပြုရန်


အောက်ဖော်ပြပါ လက္ခဏာတစ်ခုခုရှိလျှင် ကျောက်ကပ်ရောင်ရောဂါ ရှိနိုင်သည်ကို ဂရုပြုပါ။


၁။ ဖောရောင်ခြင်း။

၂။ သွေးတိုးခြင်း။

၃။ ဆီးနည်းခြင်း။

၄။ ဆီးသွားလျှင် သာမာန်ထက် အမြှုပ်ထခြင်း။

၅။ ညတွင် ဆီးသာမန်ထက် ပိုသွားရခြင်း။

၆။ ဆီးတွင်း သွေးပါခြင်း။

၇။ မည်သည့် လက္ခဏာမျှမရှိသော်လည်း ဆီးစစ်ကြည့်သည့်အခါ ဆီးတွင်း အသားဓါတ် [Albumin+(or)Protein+] ပါနေခြင်း။


ကျောက်ကပ်ပျက်စီးအလုပ်မလုပ်ခြင်း (Renal Failure) မှကာကွယ်နိုင် ရန် ကျောက်ကပ်ရောင်ရောဂါကို အချိန်မီ ထိရောက်စွာ ကုသရန် အရေးကြီး ပါသည်။

Myanmar Book Downloader

Here is the collection of books shared by many vistors by online and by post. There are various categories for all ages. Our purpose is to encourage readers. We also would like to say thanks to all vistors who sent and shared books at our bookshelf.We welcome all your good advice. We are trying our best to fullfill all our visitors' wishes. May you enjoy our website and have a wonderful day.




Comments

Contact Form

Name

Email *

Message *