ကျောက်ကပ်(၂)လုံးသည် ခန္ဓာကိုယ်မှ အညစ်အကြေး အဆိပ်အတောက် (ဆီးဆိပ်)များကို စွန့်ထုတ်ပေးရပါသည်။ ကျောက်ကပ်တစ်လုံးကို ထုတ်လိုက် သော်လည်း ကျန်(၁)လုံးကောင်းမွန်နေပါက ဆီးဆိပ် (Urea,Creatinine) များ သွေးတွင် များပြားလာခြင်းမရှိပါ။ ကျန်(၁)လုံးကို ၃ပုံ ၁ပုံမှ တစ်ဝက်ခန့် ထုတ်လိုက်ရပါကလည်း ဆီးဆိပ်များ ပုံမှန်အတိုင်း ရှိနိုင်ပါသေးသည်။ သွေးထဲတွင် ဆီးဆိပ်များလာခြင်းသည် အလုပ်လုပ်နိုင်သည့် ကျောက်ကပ်ပမာဏ ၃၀%အောက် နည်းသည်ဟု ခန့်မှန်းနိုင်ပါသည်။ ဆီးဆိပ်များ ရှိသင့်သည်ထက် ၃ - ၄ဆ များပြီဆိုလျှင် အလုပ်လုပ်နိုင်သည့် ကျောက်ကပ်ပမာဏမှာ ၁၀%အောက်ဟု ခန့်မှန်းနိုင်ပါသည်။
ဆီးဆိပ်များကို မည်သို့ ကုသနိုင်ပါသနည်း?
(၁) ဝမ်းဗိုက်တွင်းသို့ ပိုက်ငယ်တစ်ခု ထုံဆေးပေး တပ်ဆင်ဆေးကြောခြင်း။
(၂) ကျောက်ကပ်တု သွေးသန့်စင်စက်ဖြင့် ဖယ်ရှားသန့်စင်ကုသခြင်း။
(၃) ကျောက်ကပ်အစားထိုး ကုသခြင်းတို့ ဖြစ်ပါသည်။
- အသက်ရှင်သန်ဖို့ ကျောက်ကပ် တစ်လုံးတည်းက လုံလောက်ရဲ့လား
- ကျောက်ကပ် အားကောင်းစေမယ့် အစားအသောက် (၇) မျိုး
- ဟင်းနုနွယ်ပင်၏ ကျန်းမာရေးအတွက် အသုံးဝင်ပုံ
- ကန်စွန်းဥ စားရင်း ရရှိနိုင်မယ့် ကျန်းမာရေးအကျိုးကျေးဇူး
- ကျောက်ကပ် ဆေးပြီးလည်း နောက် သိပ်မကောင်းတာမျိုး ကြားဖူးကြလား..?
ရေရှည် ကျောက်ကပ်အလုပ်မလုပ်သည့်လူနာများကို မည်သည့် အချိန်တွင် စတင် သွေးသန့်စင်ခြင်း ပြုလုပ်သင့်ပါသလဲ ?
၎င်းလူနာများမှာ ဆီးဆိပ်များ တဖြည်းဖြည်းများပြားလာပြီး ခန္ဓာကိုယ် အစိတ်အပိုင်းများကို တဖြည်းဖြည်းပျက်စီးချို့ယွင်းလာစေပြီးနောက် အတန် ကြာမှ အသက်ဆုံးရှုံးသည့် အခြေအနေသို့ ရောက်ရှိခြင်းဖြစ်ပါသည်။
အများအားဖြင့် လူနာမစားချင် မသောက်ချင် ဖြစ်လာခြင်း၊ ပျို့အန်ခြင်း၊ ကိုယ်လက်မအီမသာဖြစ်ခြင်း၊ မောပန်းလာခြင်း၊ နေ့အခါတွင်အငိုက်လွန်လာ ခြင်း၊ မှိန်းခြင်း၊ ကိုယ်လက်ယားယံလာခြင်း စသည်များ ခံစားလာရလျှင်သော် လည်းကောင်း၊ ကိုယ်တွင် ဆီးဆိပ်ပမာဏ ရှိသင့်သည်ထက် ၄ဆ ၅ဆ ပို၍ စုပုံလာခြင်း စသည့်အချိန်များတွင် စတင် သွေးသန့်စင်ပေးသင့်သည်။
အချို့လူနာများသည် ကျောက်ကပ်ကိုဘေးဖြစ်တတ်သော ဆေးဝါး၊ အစား အစာ၊ အခြားရောဂါ တစ်စုံတစ်ရာ (ဥပမာ-ဝမ်းလျောခြင်း၊ သွေးပေါင်ကျခြင်း၊ သွေးပေါင်တက်လွန်းခြင်း) များကြောင့် နာတာရှည်ဖြည်းဖြည်းချင်း ကျောက်ကပ် အားနည်းနေရာမှ ရုတ်တရက် လျင်မြန်စွာ ကျောက်ကပ် အားနည်းသွားပြီး ဆီးဆိပ်များ လျင်မြန်စွာ တက်လာတတ်ပါသည်။ ၎င်းလူနာများသည် အထက် ဖော်ပြပါအကြောင်းအချက်များ ပြုပြင်ကုသလိုက်ပါက နဂိုတဖြည်းဖြည်း အား နည်းနေသည့် အခြေအနေသို့ ပြန်လည်ရောက်ရှိကာ ဆီးဆိပ်များ ပြန်လည် လျော့နည်းလာပြီး အချိန်အတိုင်းအတာ တစ်ခုအထိ ပြန်လည်ကောင်းမွန် အသက်ရှင်လာနိုင်ပါသည်။
သို့ရာတွင် ဆီးဆိပ်များ များလွန်း၍ အသက်အန္တရာယ် ပေးနိုင်သည့်အခြေ အနေမျိုးတွင် အရဲစွန့် စောင့်စားခြင်းထက် ပိုမိုစိတ်ချရစေရန် ဆီးဆိပ် ဖယ်ရှား သန့်စင်ခြင်းကို ဆောင်ရွက်သင့်ပါသည်။ အတိုင်းအတာတစ်ခုသို့ ကျောက်ကပ် ပြန်လည်ကောင်းမွန်လာကာ ဆက်လက်မဆေးဘဲ ရပ်ထားနိုင်သည်များလည်း ရှိပါသည်။
နာတာရှည်ကျောက်ကပ်အလုပ်မလုပ်သည့် လူနာများမှာ ရေရှည်ဆီးဆိပ် ဖယ်ရှားပေးရန် လိုပါသည်။ နောင်ကျန်းမာလာပါက ကျောက်ကပ် အစားထိုး ကုသမှု ပြုလုပ်နိုင်ပါသည်။